Content strategy ကောင်းကောင်းတည်ဆောက်နိုင်ဖို့ဆိုရင်..

တိုးမပေါက်တဲ့ ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့အတွက်ဆို 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 ကောင်းကောင်းတည်ဆောက်နိုင်ဖို့တော့လိုအပ်ပါတယ်။ ခုလို တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ လုပ်ငန်းတစ်ခုအောင်မြင်နိုင်ဖို့ဆိုရင် 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧 ဖြစ်မယ့် 𝐂𝐨𝐧𝐭𝐞𝐧𝐭 ကောင်းတွေဖန်တီးတာဟာလည်းအရေးပါတဲ့ နေရာကနေ ပါဝင်လာပါတယ်။ ဈေးကွက်ထဲမှာ လုပ်ငန်းတူတွေ ယှဉ်ပြိုင်လာတဲ့အခါ တစ်ချို့လုပ်ငန်းတွေက နောက်ကျကျန်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ သင့်လုပ်ငန်းပေါ်မှာချမှတ်ထားတဲ့ နည်းဗျုဟာတွေ မတူညီလို့ပါ။ ရန်သူနဲ့တိုက်ခိုက်တဲ့အခါ ရန်သူ့အင်အား နည်းတာ များတာက အဓိကမဟုတ်ပဲ ရန်သူခင်းကျင်းထားတဲ့ နည်းဗျူဟာက အရေးကြီးဆုံးပါပဲ။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ 𝐎𝐧𝐥𝐢𝐧𝐞 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 လောကမှာလည်း အဓိကကျတဲ့ ဗျူဟာ…


