Address
304 North Cardinal St.
Dorchester Center, MA 02124

Work Hours
Monday to Friday: 7AM - 7PM
Weekend: 10AM - 5PM

Content strategy ကောင်းကောင်းတည်ဆောက်နိုင်ဖို့ဆိုရင်..

တိုးမပေါက်တဲ့ ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့အတွက်ဆို 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 ကောင်းကောင်းတည်ဆောက်နိုင်ဖို့တော့လိုအပ်ပါတယ်။ ခုလို တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ လုပ်ငန်းတစ်ခုအောင်မြင်နိုင်ဖို့ဆိုရင် 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧 ဖြစ်မယ့် 𝐂𝐨𝐧𝐭𝐞𝐧𝐭 ကောင်းတွေဖန်တီးတာဟာလည်းအရေးပါတဲ့ နေရာကနေ ပါဝင်လာပါတယ်။

ဈေးကွက်ထဲမှာ လုပ်ငန်းတူတွေ ယှဉ်ပြိုင်လာတဲ့အခါ တစ်ချို့လုပ်ငန်းတွေက နောက်ကျကျန်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ သင့်လုပ်ငန်းပေါ်မှာချမှတ်ထားတဲ့ နည်းဗျုဟာတွေ မတူညီလို့ပါ။

ရန်သူနဲ့တိုက်ခိုက်တဲ့အခါ ရန်သူ့အင်အား နည်းတာ များတာက အဓိကမဟုတ်ပဲ ရန်သူခင်းကျင်းထားတဲ့ နည်းဗျူဟာက အရေးကြီးဆုံးပါပဲ။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ 𝐎𝐧𝐥𝐢𝐧𝐞 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 လောကမှာလည်း အဓိကကျတဲ့ ဗျူဟာ ၂ရပ်ကိုတွေ့ရှိပါတယ်။

အဲ့ ဗျူဟာ(၂)ခုကတော့ –

𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠

𝐒𝐡𝐚𝐫𝐚𝐛𝐥𝐞 𝐂𝐨𝐧𝐭𝐞𝐧𝐭 တွေပဲဖြစ်ပါတယ်။

𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠

*********************

ဘယ် 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 ကိုသုံးသုံး မရှိမဖြစ်၊ မပါမဖြစ်က 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ပါ။

𝐂𝐨𝐧𝐭𝐞𝐧𝐭 ကောင်းတစ်ပုဒ်ဖန်တီးနိုင်ဖို့ဆို သင့်ရေးမယ့် 𝐏𝐫𝐨𝐝𝐮𝐜𝐭 ရဲ့ အသေးစိတ်ကို သိရှိအောင်လုပ်ဖို့ လိုအပ်တယ်။ ဒါမှလည်း 𝐂𝐨𝐧𝐭𝐞𝐧𝐭 လူကြိုက်များတဲ့ 𝐂𝐨𝐧𝐭𝐞𝐧𝐭 တစ်ပုဒ်ကို ဖန်တီးနိုင်မှာပါ။

ဒါ့အပြင် 𝐂𝐨𝐧𝐭𝐞𝐧𝐭 ရေးသားရာမှာလည်း အခြေအနေ၊ အချိန်အခါ 𝐓𝐫𝐞𝐧𝐝ကိုလိုက်ပြီးလည်းရေးသားနိုင်ရပါတယ်။ ဒါကြောင့် ဗျူဟာကျကျ 𝐁𝐫𝐚𝐧𝐝 ကိုတည်ဆောက်နိုင်ဖို့ 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဟာမရှိမဖြစ်လိုအပ်ပါတယ်။

𝐒𝐡𝐚𝐫𝐚𝐛𝐥𝐞 𝐂𝐨𝐧𝐭𝐞𝐧𝐭

*********************

သင်ရေးလိုက်တဲ့ 𝐂𝐨𝐧𝐭𝐞𝐧𝐭 တစ်ပုဒ်ဟာ အခြားလူစိတ်ဝင်စားပြီး ပြန်လည်ဝေမျှဖို့ဆိုတာက တကယ်ကိုခက်ခဲပါတယ်။

ဒီနေရာမှာ ပြောချင်တာက လူအများ 𝐒𝐡𝐚𝐫𝐢𝐧𝐠လုပ်ခြင်းဟာလည်း အလွန်ကို ထိရောက်မှုရှိစေပါတယ်။

သင့် 𝐂𝐨𝐧𝐭𝐞𝐧𝐭က ပြန်လည်မျှဝေချင်အောင် ဖန်းတီးနိုင်မှသာ ဝေမျှတဲ့သူတွေများပြားလာမှာပါ။

ဝေမျှသူများလာမှသာ 𝐑𝐞𝐚𝐜𝐡 တိုးလာပြီး ကိုယ့်ရဲ့ 𝐏𝐚𝐠𝐞 ကိုကြော်ငြာပြီးသားဖြစ်မှာပါ။

ဒါကြောင့် သင်က 𝐒𝐡𝐚𝐫𝐚𝐛𝐥𝐞 ဖြစ်တဲ့𝐂𝐨𝐧𝐭𝐞𝐧𝐭 တွေကို အစဉ်အမြဲဖန်တီးပေးဖို့လိုတာပေါ့။

အခုပြောပြသွားတဲ့ 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 အကြောင်းကို ကောင်းကောင်းနားလည်အသုံးချပြီးတဲ့အခါ သင့်လုပ်ငန်းက အောင်မြင်တိုးတက်တဲ့လုပ်ငန်းတစ်ခုအဖြစ် စီးပွားရေးလုပ်ငန်း လောကမှာအစဉ်အမြဲရပ်တည်နိုင်မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *